ပေးသလောက်သုံးစနစ်ဆိုတာဘာလဲ?
ပေးသလောက်သုံး (PAYG) ဆိုတာ တစ်လုံးတစ်ခဲတည်း ငွေပေးချေစရာမလိုဘဲ အသုံးပြုသူများပေးနိုင်သော ငွေပမာဏအပေါ်မူတည်ပြီး ဆိုလာအိမ်သုံးစနစ်ကို ဖွင့်ခြင်းဖြင့် ဆိုလာအိမ်သုံးပစ္စည်းကို ဝယ်ယူဖို့မတတ်နိုင်သော ပြည်သူများအား ကူညီပေးသည့် နည်းပညာဖြစ်ပါတယ်။ အရောင်းကုမ္ပဏီများအတွက်လည်းပဲ ငွေပေးချေမှုကို စီမံခန့်ခွဲခြင်းနှင့် စျေးကွက်ချဲ့ထွင်ရေး စတဲ့လုပ်ဆောင်ချက်များကို လွယ်လွယ်ကူကူလုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။
Fosera SPARK, PSHS နှင့် LSHS စနစ်တွေများမှာ ပေးသလောက်သုံးစနစ်ကို ထည့်သွင်းထားနိုင်ပါပြီ။
တတ်နိုင်တဲ့အားနဲ့ပဲ ဝယ်ရန်လိုအပ်ပါသည်
ဆိုလာအိမ်သုံးစနစ်အလုပ်စလုပ်မှသာ ငွေပေးသွင်းပါ
လစဉ်တစ်လ ကျပ် ၅၀၀၀ ပေးရုံမျှသာ
အဓိကကျသောအချက် (၃) ချက်
၁
အသုံးပြုသူများသည် အပတ်စဉ် သို့မဟုတ် လစဉ် ငွေပေးချေမှုပေါ်မှာမူတည်ပြီး မိုဘိုင်းပိုက်ဆံမှတဆင့် သို့မဟုတ် သတ်မှတ်ထားသော ငွေလွှဲဋ္ဌာန သို့မဟုတ် ဒေသခံရောင်းချသူများမှတဆင့် ငွေပေးသွင်းရမည် ဖြစ်ပါသည်။
၂
ဤအရစ်ကျ သုံးသျလာက်ပေးစနစ်သည် သုံးစွဲသူများအတွက် အရမ်းအဆင်ပြေသည့်စနစ်ဖြစ်ပြီး ငွေးပေးသွင်းရမည့်ပမာဏကလည်း မိမိတို့ပုံမှန်သုံးနေကျ ရေနံဆီမီးဖိုး၊ ဖယောင်းတိုင်မီးဖိုး၊ ဘတ္ထရီမီးဖိုး၊ မီးစက်မီးဖိုးမျှလောက်သာ ဖြစ်ပါသည်။
၃
မီးမရရှိသေးသော ကျေးလက်ဒေသရှိ ဒေသခံပြည်သူများအတွက် ငွေချေးစရာတောင်မလိုဘဲ အလွယ်တကူ ရယူနိုင်ပါသည်။

